This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

7/29/12

Sperm swallowing သုက်ရည် မျိုချခြင်း


Q:ဆရာရှင့် ဆေးပညာအရ သိချင်တာလေး ရှိလို့ပါ။ ရှေ့မျက်နှာ နောက်ထားပြီး မေးပါရစေဆရာ။ တစ်မျိုးတော့ မထင်ပါနဲ့နော်။ ယောက်ျားလေး သုက်ရည်က မိန်းကလေး ပါးစပ်ထဲ ရောက်သွားခဲ့ရင် နောက်ဆက်တွဲ ဘာတွေ ဖြစ်တတ်တယ် ဆိုတာရယ်၊ ဘယ်လို ဘေးဥပါဒ်ဖြစ်တတ်တယ် ဆိုတာလေးရယ် သိချင်လို့ပါ။ 
Ans:ချက်ချင်း ဖြေခဲ့လိုက်တာက “၂ ခါ ၃ ခါလောက် ဖြေရဘူးပါတယ်။ ဒီနည်းတခုတည်းသုံးတဲ့ ဆက်ဆံရေးကနေသာဆိုရင် ကိုယ်ဝန်မရစေပါ။ HIV စတဲ့ ရောဂါပိုး ပါနေရင်လဲ သွေးထဲမဝင်ရင် မကူးပါ။ တကယ်လို့ မိန်းကလေး နှုတ်ခမ်း၊ ပါးစပ်၊ လျှာတွေမှာ အနာအဆာ ရှိရင်တော့ ကူးနိုင်ပါတယ်။”

သိပ္ပံနည်းကျ ပြောပါရစေ။ Semen/Sperm (ဆီမင်-စပမ်း) သုက်ရည်ရဲ့ pH ဟာ (အယ်လ်ကာလိုင်း) ဖြစ်တယ်။ (အက်စစ်) နဲ့ ပြောင်းပြန်ဖြစ်တယ်။ ကျန်းမာနေတဲ့ အမျိုးသမီးရဲ့ Vaginal fluid ဗဂျိုင်းနားထဲက အရည်ဟာလဲ (အက်စစ်) ဖြစ်တယ်။ ခံတွင်းထဲက Saliva တံတွေးကတော့ ၆့၂ နဲ့ ၇့၎ ကြားမှာ ပြောင်းနေတာမို့ တခါတလေ (အက်စစ်)၊ တခါတလေ (အယ်လ်ကာလိုင်း) ဖြစ်တယ်။ ဥပမာ မီးဖိုချောင်ထဲကနေ မွှေးတဲ့အနံ့ရလာရင်၊ ဗိုက်ဆာနေရင် တံတွေး များများ ထွက်လာလို့ pH တက်လာစေတယ်။ Gastric juice အစာအိမ်ထဲကအရည်ဟာ (အက်စစ်) ဖြစ်တယ်။

7/28/12

အင်္ဂလိပ်နှင့်မြန်မာ နှစ်ဘာသာ မှတ်သားစရာများ

A man should not sleep on silk till he has walked on sand.
သဲလမ်းပေါ်မလျှောက်ဖူးသရွေ့ ပိုးထည်ပေါ်မအိပ်စက်သင့်ပေ။

Rich miser is poorer than a poorer than a poor man.
ကပ်စေးနည်းသောသူဌေးသည် ဆင်းရဲသော သူထက် ပိုဆင်းရဲသည်။

Never underestimate the power of forgiveness.
ခွင့်လွှတ်ခြင်း၏စွမ်းအားကို ဘယ်တော့မှ အထင်မသေးပါနှင့်။

When you shoot the arrow of truth, just dip its point in honey.
အမှန်တရားတည်းဟူသောမြားတံကို ပစ်သောအခါ မြားထိပ်ကို ပျားရည်ထဲဦးစွာနှစ်ပါ။

A man isn’t poor if he can still laugh.
လူတစ်ဦးသည်ရယ်မောနိုင်သရွေ့ မဆင်းရဲ သေးပါ။

Success comes in Cans; not in cant’s.
အောင်မြင်မူသည် လုပ်နိုင်သူများအတွက် သာဖြစ်သည်။မလုပ်နိုင်သူများအတွက် မဟုတ်။

No burden is too heavy if it is carried with love.
မေတတ္တာဖြင့်သယ်ပိုးမည်ဆိုလျှင် မည်သည့် ၀န်ထုပ်ဝန်ပိုးမျှ မလေးလံပါ။

Don’t be afraid of moving slowly; be afraid of standing still.
နှေးနှေးကွေးကွေး ရွေ့လျားခြင်းကိုမစိုးရိမ်ပါနှင့်။မရွေ့မလျားဘဲနေခြင်းကိုစိုးရိမ်ပါ။

You don’t know where you are going if you are always looking back.
သင်သည်နေက်သို့တစ်ချိန်လုံးပြန်လှည့်ကြည့်နေလျှင် သင်သွားသည် နေသည့်
ခရီးကို မသိနိုင်ပါ။

Happiness is found along the way; not at the end of the journey.
ပျော်ရွှင်ခြင်းကိုလမ်းခရီးတစ်လျှောက်တွင်တွေ့ရသည်။ခရီးဆုံးတွင်တွေ့ရသည်မဟုတ်။

We can only appreciate the miracle of sunrise if we have waited in darkness.
ကျွန်ုပ်တို့သည်အရုဏ်ဦးနေထွက်ခြင်းကိ၏အံ့ဖွယ်ကိုအမှောင်ထဲစောင့်ဆိုင်းခဲ့မှသာ
ခံစားနိုင်သည်။

Even if you’re on the right track, you’ll get run over if you just sit there.
သင်လမ်းမှန်နေလျှင်ပင်ဖြစ်စေထိုနေရာတွင်သာ ထိုင်နေပါက ကားတက်ကြိတ်ခြင်းခံရလိမ့်မည်။

He who does not hope to win, has already lost.ှ
အောင်မြင်ရန်မျှော်လင့်ထားခြင်းမရှိသောသူသည် ရူံနိမ့်နှင့်ပြီးဖြစ်သည်။

You can give without loving, but you cannot love without giving.
သင်သည်မေတ္တာမထားပဲပေးကမ်းနိုင်သည်။သို့သော် မပေးကမ်းဘဲမေတ္တာမထားနိုင်။

No one knows the weight of another’s burden.
သူတစ်ပါး၏၀န်ထုပ်ဝန်ပိုးအလေးကို မည်သူမျှ မသိရှိပါ။

The time of failure is the best time for sowing the seeds of success.
ကျရူံးသောအချိန်သည်အောင်မြင်မူမျိုးစေ့စိုက်ပျိုးရန်အကောင်းဆုံးအချိန်ဖြစ်သည်။

Wear smile and have friends; wear a frown and have wrinkles.
ပြုံးရယ်ခြင်းဖြင့်မိတ်ဆွေပွားပါ။မျက်မှောင်ကျုံ့ခြင်းဖြင့်
ပါးရေးတွန့်ရာများပွားပါ။

A CANDLE, BY CONSUMING ITSELF, GIVES LIGHT TO TOHERS.
ဖယောင်းတိုင်သည်မိမိကိုယ်မိမိ လောင်ကျွမ်းခြင်းဖြင့် အခြားသူတို့အား
အလင်းရောင်ပေးသည်။!

ရတနာပုံနေပြည်တော်သတင်းစာမှ ကူးယူတင်ပြသည်..

7/23/12

ဗိုလ်ချုပ် အောင်ဆန်း၏အဖိုးတန် မိန့်ခွန်းများ

    ကျွန်တော်တို့ မြန်မာနိုင်ငံသား / သူတိုင်း လေးစားရသော မြန်မာနိုင်ငံတော်ကြီးရဲ့ လွတ်လပ်ရေးဖခင်


ကြီး မိမိ၏ လက်အောက်ငယ်သားများကို   ဆုံးမြ သဝါဒပေးခဲ့သော   မှတ်သားဖွယ်ရာ   မိန့်ခွန်း များကို 

စာဖတ်ပရိတ်သတ်များကိုလည်း ဤပို့လေးမှာ ဖတ်ရှု့မှတ်သား နိုင်စေရန် မျှဝေလိုက်ပါသည်....။


  “ရဲဘော်တို့ မေးစရာ စကားရှိတယ်။ တကယ်လို့   အကြီးအမှူးတွေထဲက   ဘယ်သူဖြစ်ဖြစ် ကိုယ်ကျိုးငဲ့ပြီး 
လူမျိုးရဲ့အကျိုးနဲ့ ကိုယ့်နိုင်ငံ ဆန့်ကျင်တဲ့အကြီးအမှူးတွေဟာ ကြာကြာမနေနိုင်ပါဘူး။ အချိန်တန်တဲ့အခါ

ပြုတ်ကျမှာပဲ။ ရာဇ၀င်မှာ
ကြည့်လိုရှိယင် ဘယ်လောက်ကြီးတဲ့လူဖြစ်ဖြစ် မတရားလုပ်တဲ့အခါ ပြုတ်ကျတာ

ချည်းပဲ။ဒီလို မတရားတဲ့ အကြီးအမှူးတွေရှိယင် ရဲဘော်တို့  အပေါ်မှာလဲ  တည်တယ်။  ဥပမာ မတရားတဲ့

အကြီးအမှူးတစ်ယောက်က  ၀တ္တရားနှင့်မဆိုင်တဲ့
နိုင်ငံနှင့်  လူမျိုးအကျိုးနဲ့   မပတ်သတ်တဲ့  အမိန့်မျိုးပေး
တဲ့အခါ အမိန့်ဟာ နည်းကျ၊ မကျ၊ တရား၊  မတရား နိုင်ငံနှင့်လူမျိုးမှာ   အကျိုးရှိမရှိ ကြည့်ရမယ်။ အဲသလို

ကြည့်တဲ့အခါ ကိုယ့်စိတ်ထဲမှာ မရှင်းယင် သူ့ထက်ကြီးတဲ့   အကြီးအမှူးကို
  ဖြစ်စေ၊ တစ်ခြား အကြီးအမှူး

တစ်ယောက်ဖြစ်ဖြစ် သွားမေးရမယ်။ ဒီအခါမှာ
ရဲဘော်တို့ဟာ  ဘယ်ဒင်း မှန်တယ်၊ မှားတယ် သိနိုင်မယ်။”

“လက်ဖွဲ့အနေနဲ့ဆောင်ပြီး သတ္တိနှင့် သစ္စာရှိလျှင်   မောင်တို့   ခြေချရာအရပ်များသည်
   အောင်မြေချည်း
 
ဖြစ်ရလိမ့်မည်။” 

၁၉၆၂ ခုနှစ်မှ ယနေ့အထိ ဖုံးကွယ်ဖျောက်ဖျက်ထားခြင်းခံရသော ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း


အောက်ပါ မိန့်ခွန်းမှာ ဂျပန်ခေတ် ၁၉၄၄ -ခု မတ်လ ၁၃ ရက်နေ့ နံနက်အချိန်တွင်
မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းဆင်းပွဲ၌ ဗမာ့ကာကွယ်ရေးတပ်မတော် စစ်သေနာပတိနှင့်
စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသော မိန့်ခွန်းတရပ် ဖြစ်ကြောင်း။
သူကျဆုံးသွားခဲ့ရသော ဤဇူလိုင်လတွင် သူ့အား ပြန်ပြောင်းသတိရမိသည့်အားလျှော်စွာ
သူ၏ ပြောင် မြောက်သော မိန့်ခွန်းကို ရှာဖွေဖော်ပြလိုက်ရခြင်းဖြစ်ကြောင်း။

(ဗိုလ်ဥတ္တမကျော်)
…………………………………………………………………….

5/6/12

၂၀၀၇ မော်ဒယ်အထက်ကားများကို ပါမစ်မလိုဘဲ တင်သွင်းခွင့်ပေးမည်ဟု သတင်းရရှိ၊ ရှစ်လအတွင်း မူဝါဒ ခြောက်ကြိမ်ပြောင်းလဲခြင်းဖြစ်

၂၀၀၇ မော်ဒယ်အထက်ကားများကို ပါမစ်မလိုဘဲ တင်သွင်းခွင့်ပေးမည်ဟု သတင်းရရှိ၊ ရှစ်လအတွင်း မူဝါဒ ခြောက်ကြိမ်ပြောင်းလဲခြင်းဖြစ်
ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် တိုးလာမည့် သိန်းနှင့်ချီသောကားအစီးရေဖြင့်ကိုက်ညီသည့် အခြေခံအဆောက်အအုံများ အဆင်သင့် ဖြစ်၊မဖြစ် မူဝါဒချမှတ်သူများ ပြန်လည်တွက်ချက်သုံးသပ်သင့်
ကားပါကင်အခက်အခဲဖြစ်နေသည့် ရန်ကုန်မြို့တွင်းရှိ ဗိုလ်ဆွန်ပက်လမ်းအား တွေ့ရစဉ်

၂၀၀၇ ခုနှစ်မော်ဒယ်အထက် ကားများကို ပါမစ်မလိုဘဲ ကားတင် သွင်းခွင့်ပြုသွားရန် မော်တော်ယာဉ် တင်သွင်းခြင်းဆိုင်ရာကြီးကြပ်မှုကော်မတီမှစီစဉ်ထားကြောင်း သတင်းရရှိပါသည်။
ဘဏ်စာရင်းဖွင့်လှစ်ခွင့်ပြုသည့် အသက်အရွယ်ရောက်ရှိသူ မည်သူ့ကိုမဆို နိုင်ငံခြားငွေဖြင့် ဘဏ်စာရင်းဖွင့်လှစ်ထားပါက အဆိုပါဘဏ်စာရင်းတွင် ရှိသည့်ပမာဏမှာ ကားတင်သွင်းမှုအတွက် ကိုက်ညီသည့်ပမာဏ ရှိပါက ကားတင်သွင်းခွင့်ပြုသွားမည့် အစီအစဉ်ဖြစ်ကြောင်း သိရသည်။

news

International news

Poem

welcome..

Inverted nipples နို့ပါးစပ်

inverted nippleQ: ကျွန်တော့် အမျိုးသမီးမှာ “နို့ပါးစပ်” ဖြစ်နေပါတယ်။ အဲဒါ ဘယ်လို ကုသနိုင်လဲ၊ ဘာကြောင့် ဖြစ်တာလဲဆိုတာ ရှင်းပြပေးစေလိုပါတယ်။ နို့သီးခေါင်းမှာ ပါးစပ်လိုလေး ဖြစ်နေပြီးတော့ ကလေးကို နို့တိုက်ဖို့ နို့မထွက်တာပါ။ နာကျင်တဲ့ ဝေဒနာတော့ မခံစားရပါဘူး။ သူတို့ တစ်မျိုးလုံးဖြစ်တာလို့တော့ ပြောပါတယ်။ ဖြစ်တာကတော့ မွေးရာပါပေါ့ ဆရာ။ အသက်ကတော့ ၂၃ ထဲမှာပါ။ ကလေးတော့ မရသေးပါဘူး။ ကလေးယူတဲ့ အချိန်ကျရင် ကလေးအတွက် အခက်အခဲဖြစ်မှာစိုးလို့ မေးကြည့်တာပါ။ ဖြေရှင်းနိုင်မယ့် နည်းလမ်းလေး သိချင်လို့ပါ။
ဗမာလိုရောဂါနာမည် ပေးတာတွေက တယောက်နဲ့တယောက်၊ တရပ်နဲ့တရပ် မတူကြလို့ အတော်ကြီး ဦးနှောက်စားတယ်။ အဖြစ်နိုင်ဆုံးကတော့ Inverted Nipple နို့သီးထိပ်ဖျား အထဲခွက်ဝင်နေတာဖြစ်မယ်။ (ဂျင်နရယ်) ရင်သားရောဂါဗေဒ စာရင်းထဲမှာ မသွင်းဘူး။ အထူးခွဲစိတ်ပညာထဲမှာသာ ပါတယ်။ မှန်ပါတယ် ကလေးကို နို့တိုက်ရတဲ့အခါ ပြဿနာ ပေါ်တယ်။ ဘယ်လောက်ဆိုးသလဲကို အဆင့်တွေ သတ်မှတ်ထားတယ်။

ပုဂံဒေသတွင် ပြည်ပ ခရီးသွားများ အတွက် ခရီးစဉ် လုံခြုံမှု ဆိုင်ရာများ ဆောင်ရွက် သွားမည်

ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ပုဂံဒေသမှာ လာရောက် လည်ပတ်တဲ့ ခရီးသွားများ အတွက်
ခရီးစဉ် လုံခြုံမှု ဆိုင်ရာ များကို ပုဂံဒေသမှာ ဆောင်ရွက် သွားဖို့ ရှိတယ်လို့ သိရပါတယ်။ ပုဂံဒေသမှာ ခရီးသွားများ လုံခြုံရေး အတွက် ပြည်ပ ခရီးသွားများ စီးနင်းတဲ့ ဘတ်စ်ကားတွေမှာ ၀န်ကြီး ဌာနမှူသါသ များနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းများမှ Logo များ ကပ်ထားပြီး လုပ်ငန်းရှင်များနဲ့ ညှိနှိုင်းကာ ခရီးသွားများ အဆင်ပြေ စေရေး ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

သင်္ဘောများနှင့် မြို့ပတ် ရထားများတွင် I Pay Card တပ်ဆင် လုပ်ဆောင် သွားရန် စီစဉ်လျက်ရှိ

I Pay Card စနစ် တွင်ကျယ် လာဖို့ ပြည်တွင်း ပြေးဆွဲနေတဲ့ သင်္ဘောများနဲ့ မြို့ပတ် ရထား များမှာပါ တပ်ဆင် သွားဖို့ အတွက် ပို့ဆောင်ရေး ၀န်ကြီး ဌာနကို
တင်ပြထားပြီ ဖြစ်တယ်လို့ I Pay Card ကုမ္မဏီမှ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒါပေမယ့် ဒီလို သင်္ဘောတွေမှာ I Pay Card သုံးစွဲမှုဟာ မလွယ်နိုင် ပေမယ့် လောလောဆယ် မှာတော့ I Pay Card ကုမ္ပဏီမှ တာဝန်ရှိ သူတွေဟာ သက်ဆိုင်ရာ ၀န်ကြီး ဌာနမှ တာဝန်ရှိ ပုဂ်္ဂိုလ် များနဲ့ ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်နေဆဲ ဖြစ်တယ်လို့ အဆိုပါ I Pay ကုမ္ပဏီနဲ့ သက်ဆိုင်ရာ တာဝန်ရှိ သူတွေရဲ့ ပြောကြားချက် အရ သိရပါတယ်။

Total Pageviews